စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

အကောင်းဆုံး ဆုတောင်းဖော်

သင့်ကို ချစ်ခင်သူတစ်ဦးက သင့်အတွက် ဆုတောင်းသံကို ကြားရခြင်းထက် နားဝင်ချိုသည့် အခြားအရာမရှိပါ။ သင့်မိတ်ဆွေက စိတ်နှလုံး ပြင်းပြစွာ၊ ဘုရားသခင်ဖော်ပြသည့်အတိုင်းထိုးထွင်းဉာဏ်ဖြင့် သင့်အတွက် ဆုတောင်းပတ္ထနာပြုပေးသည်ကို သင်ကြားရသောအခါ ကောင်းကင်ဘုံ၏ကြည်နူးဖွယ်အရသာကို ကမ္ဘာမြေပေါ်တွင် ခံစားရဘိသကဲ့သို့ဖြစ်သည်။
ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် ကောင်းမြတ် ကြင်နာ တော်မူခြင်းကြောင့် ကျွန်ုပ်တို့၏ ဆုတောင်းသံများ ကောင်းကင် သို့တိုင် ရောက်ရှိကြောင်း သိရခြင်းကား ကောင်းလိုက်လေခြင်း။ တစ်ခါတစ်ရံ မပြည့်စုံသော စကားလုံးများနှင့် စိတ်ခံစားမှုဖြင့် ဆုတောင်းလျက် ရုန်းကန်ရတတ်သော်လည်း သခင်ယေရှုက တပည့်တော်များအား ‘‘လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်ဟု’’ (လု ၁၈း၁)သွန်သင်ခဲ့သည်။ နှုတ်ကပတ်တော်၏ ဖော်ပြချက်အရ ကျွန်ုပ်တို့ဤသို့ ဆုတောင်းနိုင်သည့် အကြောင်းအရင်းတစ်ရပ်မှာ သခင်ယေရှု ကိုယ်တော်တိုင် ‘‘ဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက် ငါတို့အဖို့ ဆုတောင်းပေး နေခြင်းကြောင့် ဖြစ်သည်’’ (ရော ၈း၃၄)။
သခင်ယေရှု ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းနေခြင်းကြောင့်…

သစ်လွင်ထက်သန်သော ယုံကြည်ခံယူချက်

ဘိန်းစွဲနေသောအခြေအနေမှ ကျွန်တော့်သား ရုန်းကန်ခဲ့ရစဉ်က ဘုရားသခင်သည် ကျွန်တော်တို့ ကြုံတွေ့ရသော အခက်အခဲများအားဖြင့် တစ်နေ့တစ်ချိန်တွင် အခြား မိသားစုများကို အားပေးသက်သေခံနိုင်ရန် အခွင့်ပေးလိမ့်မည်ဟု သင်ပြောခဲ့လျှင် ကျွန်တော့် အနေဖြင့် ထိုစကားကို ယုံရန် ခက်လိမ့်မည်။ ပြဿနာနှင့်ရုန်းကန်နေရချိန်တွင် ဘုရားသခင်သည် အခက်အခဲပြဿနာများမှ ကောင်းကျိုးကို ထုတ်ဆောင်နိုင်ကြောင်း ခံယူရန်မှာ ပြောသလောက်မလွယ်။
တမန်တော် သောမသည် သခင်ယေရှု၏ အသေခံ ခြင်းအဖြစ်အပျက်မှ သူ့ယုံကြည်ခြင်းကိုစိန်ခေါ်လျက် ကောင်းကျိုး တစ်စုံတစ်ရာကို ဘုရားသခင် ထုတ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ သခင်ထမြောက်ပြီး တပည့်တော်တို့ထံ ကြွလာ တော်မူသောအခါ သောမသည် သူတို့နှင့်အတူ ရှိမနေ ခဲ့ပါ။ ထို့ကြောင့် သူက ကြေကွဲမှုများစွာဖြင့် ‘‘လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မယုံဟု ဆို၏’’ (ယော ၂၀း၂၅)။…

အကောင်းဆုံးအပိုင်း

ကျွန်တော်ငယ်စဉ်က အမေမုန့်ထည့်ပေးလျှင် ‘‘သူ့မုန့်က သားမုန့်ထက် ကြီးတယ်’’ ဟူ၍ ကျွန်တော်တို့ညီအစ်ကို စကားများလေ့ရှိသည်။ ကျွန်တော်တို့၏ ဘာမဟုတ်သော ငြင်းခုံမှုကို အဖေက သတိပြုမိပြီး တစ်နေ့တွင် ပြုံးလျက် အမေ့ထံ သူ၏ပန်းကန်ကို ထိုးပေးကာ ‘‘ကျေးဇူးပြု၍ မင်းနှလုံးသားလောက်ကြီးတဲ့ အပိုင်းပေးပါ’’ ဟု အဖေက ဆိုသည်။ ကျွန်တော်တို့ ညီအစ်ကိုမှာ အံ့သြပြီး ငြိမ်သက်စွာ ကြည့်နေစဉ် အမေက ရယ်မောလျက် အဖေ့ကို အကြီးဆုံး အပိုင်းကို ပေးလိုက်သည်။
သူတစ်ပါး၏စည်းစိမ်ဥစ္စာအပေါ် ကျွန်တော်တို့ အာရုံစိုက်မိလျှင် မနာလိုဝန်တိုစိတ် ၀င်လာသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်မှ လောကီစည်းစိမ်ထက် သာ၍တန်ဖိုးရှိသောအရာကို ကျော်၍မြင်စေသည်။ ဆာလံဆရာက ‘‘အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း…

ခွန်အားဖြင့် လှမ်းခြင်း

ကျွန်ုပ်တို့အိမ်အနီးရှိ မြစ်ကမ်းပါးတွင် လမ်းလျှောက်ထွက်စဉ် အိမ်နီးချင်းကလေးငယ် အယ်လင် က ‘‘မြွေရှိလား’’ ဟု မေးသည်။ ‘‘တစ်ခါမှတော့ မတွေ့ဘူး။ ဒါပေမဲ့ တွေ့ကောင်း တွေ့နိုင်တယ်။ ဒါကြောင့် ဘုရားရှင်ထံ ဘေးကင်းလုံခြုံမှုရှိအောင် ဆုတောင်းရအောင်’’ ဟုပြောပြီး ခေတ္တရပ်ကာ ဆုတောင်းလိုက်ပြီးမှ လမ်းဆက်လျှောက်ကြသည်။
မိနစ်အနည်းငယ်အကြာတွင် ကျွန်တော့်ဇနီး ကာရီ သည် ရုတ်တရက် ခြေလှမ်းကို အမြန်နောက်ဆုတ်ရှောင် လိုက်၍ တစ်ဝက်တစ်ပျက် ရစ်ခွေနေသော ကြေးနီရောင် ဦးခေါင်းနှင့် အဆိပ်ပြင်းမြွေ၏အန္တရာယ်မှ လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့သည်။ မြွေသည် အောက်ဘက်သို့လျောဆင်း ပျောက်ကွယ်သွားသည်။
ထိုနောက် ခေတ္တရပ်ကာ မည်သည့်အန္တရာယ်မှ မကျရောက်ခဲ့ခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းကြသည်။ အယ်လင် ၏မေးခွန်းအားဖြင့် ဘုရားရှင်သည် ထိုဖြစ်လာမည့် အဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်မှုရှိစေခဲ့ပြီး ကျွန်တော်တို့၏ဆုတောင်းချက်သည် ကိုယ်တော်၏ကွယ်ကာမှု တစ်စိတ်တစ်ဒေသပင်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။
ထိုညနေခင်းအဖြစ်အပျက်မှ ‘‘ထာဝရဘုရား၏တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို…

ငြိမ်သက်ခြင်းနှင့် ယုံကြည်ခြင်း

ကျွန်တော့် အသက် ၆ နှစ် အရွယ်တွင် အစ်ကိုကြီးများနှင့်အတူ မိုးပျံရထားကို ပထမဆုံး အကြိမ် စီးဖူးခဲ့သည်။ အရှိန်ပြင်းပြင်းနှင့် ကွေ့ချသောအခါ ကျွန်တော်က ‘‘အခုချက်ခြင်း ရပ်ပေးပါ။ ကျွန်တော်ဆင်းချင်တယ်’’ ဟု စအော်ပါတော့သည်။ မိုးပျံရထားကြီးက မရပ်ပါ။ ကျွန်တော် အလွန်ကြောက်လန့်ခဲ့ရပြီး အဆုံးထိတိုင်အောင် ဆက်လက် စီးနင်းခဲ့ရပါသည်။
တစ်ခါတစ်ရံ ဘဝသည်လည်း ကျွန်တော်တို့ စိုးစဉ်းမျှ မကြုံချင်၊ မလိုချင်သော အကျ၊ မထင်မှတ်ထားသော အချိုး အကွေ့များနှင့် မိုးပျံရထား စီးရသကဲ့သို့ ထင်ရသည်။ မျှော်လင့်မထားသော အခက်အခဲများ ဖြစ်ပေါ်လာသောအခါ ဘုရား သခင်ထံအပ်နှံကာ ယုံကြည်စိတ်ချခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း နှုတ်ကပတ်တော်မှ သတိပေး နှိုးဆော်ထား သည်။ ‘‘စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့် ငြိမ်သက်ခြင်းသက်သက် ရှိမည်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်’’ (ဟေ ၂၆း၃)။
ရန်သူတို့ သူတို့တိုင်းပြည်ကို…

သခင်ယေရှုထံ အပ်နှံပါ

မက်ဆက်ချူးဆက်ပြည်နယ် အစ်ဆွစ်ဒေသရှိ ဘုရားကျောင်းလေး၏အနီး တောင်ကုန်းပေါ်မှ ခြေရာပုံသဏ္ဌာန် ချိုင့်ခွက်လေးကို လူအများက “မာရ်နတ်၏ခြေရာ” ဟုခေါ်ဆိုကြသည်။ ဒေသခံလူများ၏ ဒဏ္ဍာရီပုံပြင်အရ ၁၇၄၀ ခုနှစ်က မြူနှင်းများ ကျဆိုင်းနေသည့်နေ့တစ်နေ့တွင် သာသနာပြုဆရာကြီး George Whitefield သည် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးနှင့် အားတက်သရော တရားဟောသဖြင့် ဘုရားကျောင်းမျှော်စင်ပေါ်မှ မာရ်နတ် ခုန်ချထွက်ပြေးရာမှ ကျန်ရစ်ခဲ့သော ခြေရာဖြစ်သည်ဟု ဆိုသည်။
ဤပုံပြင်လေးသည် ဒဏ္ဍာရီမျှသာဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ခွန်အားပေး တိုက်တွန်းသော သမ္မာတရားကို သတိရစေပါသည်။ ယာ ၄း၇ တွင် “ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ ထံမှ ပြေးသွားလိမ့်မည်” ဟု ဆိုထားပါသည်။
ကျွန်ုပ်တို့ဘ၀၌ ရင်ဆိုင်ရမည့် အခက်အခဲနှင့် စုံစမ်းခြင်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဘုရားသခင်က ခွန်အားများ ပေးပြီးသားဖြစ်ပါသည်။ ယေရှုခရစ်အားဖြင့်…

ဘုရားသခင် ခေါ်တော်မူခြင်း

တစ်မနက်တွင် ကျွန်တော့်သမီးက သူ၏ ၁၁ လသားအရွယ် သားလေးအား သူ့ဖုန်းကို ပေးဆော့ခဲ့သည်။ တစ်မိနစ် မပြည့်သေးခင်၌ ကျွန်တော့်ဖုန်းမြည်လာ၍ ကိုင်လိုက်ရာ မြေးလေး၏အသံလေးကို ကြားလိုက်ရသည်။ မြေးလေးက ကျွန်တော့် ဖုန်းနံပါတ်ကို မတော်တဆ နှိပ်လိုက်မိသော်လည်း ကျွန်တော်အမှတ်ရစရာ စကားစမြည်ပြောခြင်းက နောက်ဆက်တွဲလိုက်ပါ လာသည်။ မြေးလေးက စကား အနည်းငယ်သာ ပြောတတ်သေးသော်လည်း ကျွန်တော့် အသံကို သူသိပြီး ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ သို့နှင့် ကျွန်တော်က မြေးလေးနှင့် စကားပြောပြီး သူ့ကို ဘယ်မျှလောက် ချစ်သည့်အကြောင်း ပြောပြခဲ့သည်။
မြေးလေး အသံကြောင့် ခံစားရသည့် ၀မ်းမြောက်မှု က ကျွန်တော်တို့နှင့် ဆက်သွယ်ရင်းနှီးလိုသည့် ဘုရားသခင်၏ နက်ရှိုင်းသောဆန္ဒကို သတိရဆင်ခြင်မိစေသည်။ ကနဦး အစ ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စိတ်ဝင်တစား လိုက် နေသည်။ ဧဒင်ဥယျာဉ်၌ ဘုရားသခင်ကို မနာခံဘဲ…

ကျိုးပဲ့ကြေမွခြင်း၏အလှတရား

ကင်ဆုဂီ(Kintsugi)သည် ကျိုးပဲ့သွားသော မြေအိုးများကို ပြန်လည်ပြုပြင်သည့် ဂျပန်လူမျိုးတို့၏ ရာစုနှစ်ပေါင်းရာချီသောသက်တမ်းရှိသည့် လက်မှုအနုပညာဖြစ်သည်။ ရွှေမှုန့်နှင့်သစ်စေးတို့ ရောထားသောအရာများဖြင့် ကျိုးပဲ့သောအပိုင်းအစများကို ပြန်ဆက်ခြင်း (သို့) အက်ကြောင်းများအကြား ဖြည့်ပေးခြင်းဖြင့် သိသာ ခိုင်မာစွဲမြဲစေသည်။
ဤသို့ဖြင့် ပြန်ပြင်ထားသည့်နေရာကို ဖုံးကွယ်ခြင်းထက် ကျိုးပဲ့ကြေမွခြင်းမှ အလှတရားကို ထုတ်ဆောင်ပေးသည်။
ကျွန်ုပ်တို့ ပြုမိသောအပြစ်များအတွက် အမှန်ပင် နောင်တရကြေကွဲလျှင် ကျွန်ုပ်တို့၏ကျိုးပဲ့ကြေမွမှုများကို
ဘုရားသခင် တန်ဖိုးထားကြောင်း ကျမ်းစာက ဖော်ပြသည်။ ဒါဝိဒ်မင်းသည် ဗာသရှေဘအား ပြစ်မှားပြီး သူ၏ ခင်ပွန်းအား
သေစေရန် ကြံစည်ခဲ့ပြီးနောက် ပရောဖက် နာသန်က သူ့ကို ထိပ်တိုက်ဖြေရှင်းသဖြင့် ဒါဝိဒ် နောင်တရခဲ့သည်။ မိမိ၌ အပြစ်ရှိလျှင် မည်သည့်အရာကို ဘုရားရှင်လုပ်စေလိုသည်ကို ဒါဝိဒ်မင်း၏ ဆုတောင်းချက်က ကျွန်ုပ်တို့အတွက် အမြင်ဖွင့်ပေးသည်။ ‘‘ယဇ်ပူဇော်ခြင်း အလိုတော် မရှိ၊ သို့မဟုတ်လျှင်၊ ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော် မမူ။…

ထွက်မြောက်ရာလမ်းကို ရှာဖွေခြင်း

ကယ်လီဖိုးနီးယားပြည်နယ် Santa Barbara မြို့တွင် ထူးခြားသည့် နာမည်ရှိသော လမ်းတစ်လမ်းရှိသည်။ ‘‘ဖြစ်နိုင်ရင် ထွက်သွားပါ’’ ဟုအဓိပ္ပာယ်ရှိသည့် ‘‘Salsipuedes’’ လမ်း ဖြစ်ပါသည်။ ထိုလမ်းကို ပထမဆုံး နာမည်ပေးခဲ့စဉ်က ဘေးပတ်လည်တွင် ရေ၀ပ်ပြီး တစ်ခါတစ်ရံ ရေကြီးတတ်သောကြောင့် မြို့ပြတွင်နေထိုင်သူ စပိန်လူမျိုး များက လိမ္မာပါးနပ်စွာဖြင့် ထိုနေရာကို ဝေးဝေးရှောင်ရန် နာမည်ပေးခဲ့ခြင်းဖြစ်သည်။
ဘုရားရှင်၏ နှုတ်ကပတ်စကားတော်သည်လည်း ကျွန်ုပ်တို့အား အပြစ်သွေးဆောင်ခြင်း၏ ‘မှားယွင်းသောလမ်း’ မှ ဝေးစွာရှောင်ရန်  သတိပေးထားသည်။ ‘‘သူတို့လမ်းကို ကြဉ်ရှောင်ကြလော့။ လိုက်မသွားနှင့်။ လွဲ၍သွားလော့’’ (သုတ္တံ ၄း၁၅)။ နှုတ်ကပတ်တော်မှ ‘ဖြစ်နိုင်ရင် ထွက်သွားပါ’  မျှသာ မဆို၊ စိတ်ချမှုနှင့် မည်သည့်ဘက်သို့ လှည့်ရမည်ကိုပါ ဖော်ပြထားပါသည်။ ‘‘ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့် ပေးတော်မမူ။ သင်တို့သည်…

အမှောင်ထဲမှ ချီးမွမ်းခြင်း

ကျွန်တော့်သူငယ်ချင်း မစ်ကီ တစ်ယောက် သူ၏အမြင်အာရုံကို တဖြည်းဖြည်း ဆုံးရှုံး သွားသော်လည်း သူက ‘‘ဘုရားသခင်ကို နေ့တိုင်းဆက်ပြီး ကျွန်တော်ချီးမွမ်းနေအုံးမှာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အတွက် ကိုယ်တော် အများကြီး လုပ်ခဲ့ပေးတယ်လေ’’ ဟု ဆိုသည်။
မစ်ကီနှင့် ကျွန်တော်တို့အတွက် မကုန်ဆုံးနိုင်သော ချီးမွမ်းစရာအကြောင်းများကို သခင်ယေရှုပေးထားပါသည်။ ကရာနီကုန်းတော်သို့ မသွားရောက်မီညက သခင်ယေရှုသည်တပည့်တော်တို့နှင့်အတူ ပသခါပွဲကို ဆင်နွှဲခဲ့ကြောင်း ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၆ တွင် ဖော်ပြထားသည်။ အခန်းငယ် ၁၀ တွင် ‘‘ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင် တောင်သို့ ထွက်သွားကြ၏’’ ဟု ပသခါပွဲကို အဆုံးသတ် ထားသည်။
ထိုည၌ သီဆိုသည့်သီချင်းမှာ အခြားမဟုတ်၊ ချီးမွမ်းခြင်းသီချင်းပင်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ ဂျူးလူမျိုးများသည် ပဿခါပွဲတွင် ‘‘The Hallel’’ ခေါ် ဆာလံသီချင်းကို သီဆိုခဲ့ကြသည်။ (Hallel ဟူသည့် ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ…